Azure Backup and Recovery Service Vault Intro

Azure Backup ဆို တာ Backup as a Services လို့ တောင် ပြောလို့ရပါတယ် ။ Azure Backup ကို အသုံးပြုပြီး Azure Cloud မှာ တင်ထား သိမ်းထားတဲ့ Data တွေကို Backup သို့ Restore ပြုလုပ်နိုင်ပါတယ်။ Azure Cloud တခု တည်းလားဆိုတော့ မဟုတ်ပါဘူး...On Premises (Local Data Center ) က Data တွေကိုပါ Backup လုပ်နိုင်ပါတယ်။ Backup လုပ်ပြီး သိမ်းလဲ ဆိုတော့ Recovery Service Vault (RSV)မှာ သွားသိမ်းပါတယ်။ Azure Backup ကို အသုံးပြုမယ်ဆိုရင် Recover Service Vault တခု ကြိုဆောက်ရပါတယ်..ပြီးမှ သာ Backup Services ကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။ အားသာချက် ကတော့ Backup Infrastructure တခု ကို ကြိုဆောက်ထားစရမလိုတာပါပဲ..။ ဥပမာ အားဖြင့် Backup software တခုကို အသုံးပြုမယ်ဆိုရင် Server သို့ VM တခု ဆောက်ပြီး အဲဒီပေါ်မှာ Backup Services ပေးနိုင်တဲ့ Services တခုကို Install လုပ်ပြီး Infra တခု တည်ဆောက်ပြီးမှ ကျွန်တော်တို့ Backup လုပ်နိုင်မှာပါ။
Azure Backup ကတော့ အဲဒီလိုကြိုတည်ဆောက်စရာ မလိုပဲ backup ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါက သူ့ရဲ့ အားသာချက်တခု ပါပဲ။
Recovery Services Vault (RSV) ကတော့ အိမ်တခုလို မျိုးတောင်ပြောလို့ရတယ်..Data တွေ သိမ်းလို့ရတဲ့အိမ်မျိုးပေါ့။ On-Premises သာမက Azure Services Workload တွေပါ Store လုပ်နိုင်တယ်..။
Azure Backup နဲ့ Backup ပြုလုပ်နိုင်တဲ့ ပုံစံမျိုး ​လေးမျိုးလောက် အကြမ်းဖြင်း ပြောလို့ရတယ်။
၁) Azure Backup Agent ကို အသုံးပြုပြီး On-Premises and Cloud ပေါ်က Data တွေ ကို သိမ်းနိုင်ခြင်း ။ ဘယ်မှာ သိမ်းလဲ ဆိုတော့ RSV မှာပါ။
၂) System Center DPM (Data Protection Manager) ကို အသုံးပြု၍ သိမ်းနိုင်ခြင်း။ သူနဲ့ဆိုရင် တော့ Azure RSV, Local Disk and Tape တွေမှာ ပါ Backup ပြုလုပ်နိုင်တယ်.။
၃) Azure Backup Server ထိုင်ပြီး Backup ပြုလိုက်နိုင်ပါတယ်..။ RSV နဲ့ Azure Backup Server ပေါ်မှာ ရှိတဲ့ Local Disk ပေါ်မှာ သိမ်းနိုင်ပါတယ်။ သူကတော့ Tape Backup ကို Support မလုပ်ပါဘူး။
၄) Azure IaaS VM Backup သူ့ကတော့ cloud only လို့ပြောလို့ရပါတယ်။ Cloud ပေါ်က VM နဲ့ Disks တွေကို backup လုပ်နိုင်ပါတယ်။ သိမ်းတာကတော့ Azure RSV မှာပဲ သိမ်းပါတယ်။
ဒီအပိုင်းတွေကိုတော့ AZ-103 Azure Administrator Course မှာထပ်ပြီး အသေးစိတ်လေ့လာနိုင်ပါတယ်။
တခြား Azure Cloud Fundamental နဲ့ Administration အပိုင်းလေးတွေကို အလျင်းသင့်သလို မျှဝေသွားပါမယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
Ko Kaung Thu @ Ko Phyo Wai Lin (MCT)
Microsoft Most Valuable Professional
#Microsoft User Community Myanmar
Ref: Internet and AZ-103 Guide

Comments

Popular posts from this blog

AZ-900 Fundamental Ebook

AZ-103 Microsoft Azure Administrator Ebook