AZ-104 New Exam အကြောင်း နဲ့ Azure Certified Administrator


Azure Administrator Certified လက်မှတ်အတွက် ယခု လက်ရှိ ဖြေလို့ရတဲ့ Exam Code က AZ-103 ဖြစ်ပါတယ်။ အဲဒီမှာ ဘာတွေ လေ့လာရလဲ ဆိုတော့
1) Azure Cloud ကို ဘာတွေကို အသုံးပြုပြီး Administration လုပ်လို့ရတဲ့ဆိုတဲ့အကြောင်း (Portal, Cloud Shell, Azure Powershell,Cli, Resource Manager and ARM Tempates)
2) Azure Virtual Machines နဲ့ပတ်သတ်တာတွေ Detail လေ့လာရတယ်
3) Azure မှာ ရနိုင်တဲ့Storage အကြောင်းတွေ (Storage Accounts, Blob, Files Storage and Storage Security)
4) Azure ပေါ်မှာ အသုံးပြုတဲ့Virtual Networking အကြောင်းတွေ (VNet, IP Address, DNS, NSG)
5) Azure Cloud အတွင်းထဲမှာ သို့ သူနဲ့ချိတ်ဆက်လို့ရတဲ့ Connections တွေဘယ်လိုတည်ဆောက်လို့ရလဲ ဆိုတာအကြောင်း(Peering, Express Route)
6) Azure Cloud ပေါ်မှာ ဘယ်လို Monitoring လုပ်လို့ရတာတွေ
7) Azure Cloud ပေါ်မှာ ရှိတဲ့ Data သို့မဟုတ် On-Premises မှာ ရှိတဲ့ Dataတွေကို ဘယ်လို Azure Cloud ပေါ် Backup လို့ ဆိုတဲ့အကြောင်းတွေ ၊ တနည်းအားဖြင့် Data Protection လုပ်နိုင်တာတွေပေါ့။
8) Azure Cloud ထဲမှာ Network Traffice Management ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့အကြောင်း
9) Azure Active Directory အကြောင်း
10) Azure Cloud ကို Access လုပ်တဲ့နေရာမှာ ဘယ်လို လုံခြုံအောင် လုပ်လို့ရတဲ့နည်းတွေ
11) Azure Subscription ၊ Accounts တွေ RBAC (Role-Based Access Control)၊ Users and Group နဲ့ Azure Policy တွေ အကြောင်းတွေ
12) Data နဲ့ပတ်သတ်ပြီး CDN (Content Delivery Network) , File Sync, Import and Export , Data Box ဆိုတာတွေ ကို လေ့လာရပါတယ်။စုစုပေါင်း Modules 12 ခု လေ့လာရပါတယ်။
အရင်နှစ် မေလ ၁ ရက်နေ့မတိုင်ခင်ကတော့ Azure Administrator ဖြစ်ဖို့ဆိုရင် AZ-100 နဲ့ AZ-101 ကိုဖြေရပါတယ်။
AZ-100 Microsoft Azure Infrastructure and Deployment
AZ-101 Microsoft Azure Integration and Security စတာတွေပါ။
မေလ ၁ရက်နေ့နောက်ပိုင်းတော့ Administrator Associate အတွက် အများအားဖြင့် တဘာသာ ပဲဖြေရတော့ပါတယ်။ AZ-103 တခုဖြေရင်ရပါပြီ။
အခု ၂၀၂၀ မတ်လ မှာ တခါ ထပ်ချိန်းပါမယ်။ AZ-103 အစား AZ-104 ကိုဖြေဆိုမှသာ Azure Administrator Certified ဖြစ်ပါမယ်။ ဒါပေမဲ့ AZ-103 ကိုတော့ June လ ၃၀ ရက်နေ့ထိ ဖြေဆိုခွင့်ရအုံးမှာ ပဲဖြစ်ပါတယ်။
အဲဒီတော့ AZ-104 မှာ ဘာတွေ အသစ်တိုးလာလဲလေ့လာကြည့်ရအောင်။
အရင် Modules 12 ခုလေ့လာရမဲ့နေရာမှာ 11 ခု ပဲလေ့လာရတော့ပါမယ်။ ပြီးတော့ အဓိက တိုးလာတာက Serverless Computing ပါ။
Azure မှာ Serverless နဲ့ပတ်သတ်ပြီး သုံးလို့ရတဲ့ Services တွေဖြစ်တဲ့ App Services, Container Services and Azure Kubernetes Services တွေကို ဘယ်လိုအသုံးပြုလို့ရတယ်ဆိုတာရယ် ဘယ်လို Services Plan တွေ ရှိတဲ့ဆိုတဲ့အကြောင်းတွေကိုလေ့လာရတာပါ။
AZ 104 ကတော့ March လ 31 ရက်နေ့နောက်ပိုင်း ဖြေဆိုလို့ရမှာဖြစ်ပါတယ်။
Azure Certified Administrator ဖြစ်ဖို့ ဖြေရမည့် Exam code နဲ့ လေ့လာရတာတွေကို Sharing လုပ်ပေး​ခြင်းပဲဖြစ်ပါတယ်။ မရှင်းလင်းတာရှိရင် Microsoft Official မှာ Role-based Certification ကို ဝင်ရောက်လေ့လာလို့ရတဲ့အပြင် ကျွန်တော်ကို သို့မဟုတ် Microsoft Users Community Myanmar (MUCM) မှာ လဲဝင်ရောက်မေးမြန်းနိုင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။ ရှေ့ဆက်လျှောက်လှမ်းမည့် Cloud Engineer, Cloud Architect လမ်းကြောင်းတွေ ဖြောင့်ဖြူးပါစေလို့ဆုတောင်းလိုက်ပါတယ်။
Ko Kaung Thu @ Ko Phyo Wai Lin (MCT)
Microsoft Most Valuable Professional (Cloud and Datacenter Management)
#Microsoft User Community Myanmar
Ref: Internet and AZ-103, AZ-104 Guide

Comments

Popular posts from this blog

AZ-900 Fundamental Ebook

MCSA,MCSE, MCSE Retire and Role-Based Certification

AZ-103 Microsoft Azure Administrator Ebook